Local News

ဆန်ဈေး အနည်းငယ်ကျဆင်း၊ ဖွဲနုဈေး အနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၂.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၉.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင်(၂၀၀ဝိ/-) ကျပ်နှင့်  ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ် ဈေးကျဆင်းခဲ့ပြီး ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ကွဲ(1,2)နှင့် ဆန်ကွဲ(2,3,4) အနေဖြင့် ဈေးတည်ငြိမ်လျက် ရှိပြီး ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးဆန် ဈေးကျဆင်းသွားခြင်းမှာ ဆန်သစ်ပေါ်လာခြင်း၊ ဝယ်လိုအား နည်းခြင်းကြောင့် ဈေးကျဆင်းသွားပါကြောင်းနှင့် ဖွဲနုဈေး မြင့်တက်လာခြင်းမှာ ဝယ်လိုအားကောင်း လာ၍ အဝယ်လိုက်လာခြင်းကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News